အမှတ်(၁) စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်

အမှတ်(၁) စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်
(၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ)
ရက်စွဲ ၇ မတ် ၂၀၂၃
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ (၁၅)လအတွင်း တိုက်ပွဲပေါင်း (၂၄၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၆၇) ဦး သေဆုံး၍ (၄၆၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မိမိရဲဘော် (၃၆၁) ဦး တော်လှန်ရေးအတွက် အသက်ပေးလှုခဲ့ရပြီး (၄၇၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရန်သူ့ထံမှ လက်နက်မျိုးစုံ (၁၈၉)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
ဤ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ