အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ ၏ ကြေညာချက်အမှတ် ၁/၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ ၏ ကြေညာချက်အမှတ် ၁/၂၀၂၂
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ၏ (၃၀.၇.၂၀၂၂) ရက်နေ့တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ စစ်တရားရုံးချုပ်နှင့်အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာကို အပ်နှင်းလိုက်သည်။
၂။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ စစ်တရားရုံးချုပ်နှင့်အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာဖြင့် လွှဲအပ်နိုင်သည်။
(ဒူဝါလရှီးလ)
ဥက္ကဌ
ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ