၂၀၂၁ ခုနှစ်၊ စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတဝှမ်းရှိ အလွှာစုံမှ အမျိုးသမီးများ၏ နေ့စဉ်ဘဝအပေါ် ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါသည်။ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများ၊ လိင်အကြမ်းဖက်မှုများ၊ ခေါင်းပုံဖြတ်ဖိနှိပ်မှုများသည် စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် ယခင်ကထက် များစွာဆိုးရွားလာသည်ကို ကျွန်ုပ်တို့ အားလုံး မြင်ရ၊ ကြုံရ၊ သိရှိရပြီးဖြစ်ပါသည်။ နွေဦးတော်လှန်ရေး ပေါက်ဖွားလာခြင်းသည် အဆိုပါ ဖိနှိပ်မှုများကို ချိုးဖျက်ကာ တရားမျှတမှုဖြင့် ထုံမွှန်းသော နိုင်ငံတော်သစ်တရပ် တည်ဆောက်ကြရန်ဖြစ်ပါသည်။ အမျိုးသမီးများအားလုံးနှင့် ထိုက်တန်သော စစ်မှန်သည့် တန်းတူညီမျှမှု ရရှိရန် ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန