အပစ်ရပ်သည်ဟူသော စစ်ကောင်စီ၏ ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ် - ဟုမ္မလင်းတွင် Mi-2ဖြင့် ဗုံးသီးချတိုက်ခိုက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့
 
                                    ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ တက်လာသော အကြမ်းဖက်စစ်တပ်၏ MI-2 ဘက်စုံသုံး ရဟတ်ယာဥ်သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်း၊ စန်းဆိုင်၊ ပဲနို့ဆွတ်ရွာနှင့်ရွှေမှော်အနီးသို့ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ယနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၊ နံနက် (၉:၃၀)နာရီ ခန့်တွင် ဗုံးသီး (၁၃)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ