သတင်းထုတ်ပြန်ချက် အောက်တိုဘာလ (၁၁) ရက် ၊ ၂၀၂၂ ခုနှစ်

သတင်းထုတ်ပြန်ချက်
အောက်တိုဘာလ (၁၁) ရက် ၊ ၂၀၂၂ ခုနှစ်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် Twitter လူမှုကွန်ယက်စာမျက်နှာအား ဖွင့်လှစ် ထားပြီး စတင်အသက်ဝင် လှုပ်ရှားနေပြီ ဖြစ်ပါသည်။
၂။ Twitter လူမှုကွန်ယက်တွင် @mod_nug ကို Follow လုပ်ထားခြင်းအားဖြင့် MoD ၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများ၊ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် အလှည့်အပြောင်းများ၊ နိုင်ငံတဝန်း နေ့စဉ်ဖြစ်ပျက်နေသည့် အခြေအနေများစွာထဲမှ အဓိကကျသည့် အဖြစ်အပျက်များ စသည်တို့ကို စဉ်ဆက်မပြတ် သိရှိနိုင်မည်ဖြစ်ပါသည်။
၃။ ထို့အပြင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသည့်၊ အနာဂတ် ဖက်ဒရယ်တပ်မတော်၏ အမြုတေဟုဆိုရမည့် နွေဦး တော်လှန်ရေး ခုခံတော်လှန်စစ်ကို ဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှုများကိုလည်း အလျဉ်းသင့်သလို သိရှိနိုင်မည် ဖြစ်ပါသည်။
၄။ @mod_nug Twitter လူမှုကွန်ယက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေးအတွက်လည်း ဆက်လက်အားထုတ် လုပ်ဆောင် သွားမည် ဖြစ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Press Release
October 11th 2022
1. Official Twitter account of the Ministry of Defense, National Unity Government (NUG), @mod_nug is up and running now.
2. By following @mod_nug, you can get up to date information regarding the activities of MoD, important decisions, policy matters, changes which are critical for Spring Revolution, major events happening around the country among other, without missing any.
3. Moreover, you will occasionally learn about the activities of the People’s Defence Force as both the offspring of the Spring Revolution and the origin of the future Federal Army.
4. MoD will keep making efforts in its utmost to engage more effectively and in timely manner with Myanmar people inside and out and also with the international community.
Ministry of Defense
National Unity Government