မိတ္ထီလာမြို့နယ်ရှိ စစ်ရေးဆိုင်ရာ ပစ်မှတ် (၇) ခုကို Drone ဖြင့် တိုက်ခိုက်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် အခြေပြုထားသည့် အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံရှိ အရာရှိရိပ်သာ၊ လေကြောင်းအတတ်သင် လေတပ်စခန်းရှိ အရာရှိအိမ်ရာများ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဥ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်ရှိ အရာရှိရိပ်သာများ၊ ရေဒါစခန်းနှင့်အမှတ် (၉၉) ခြေမြန် တပ်မဌာနချုပ်အပါအဝင် စစ်ရေးဆိုင်ရာ ပစ်မှတ် (၇)ခုကို မှတ်ပုံတင် တိုက်ခိုက်သည့် ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၄:၃၀) နာရီ ခန့်တွင် ပြုလုပ်ခဲ့သည်။
Drone အထူးစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကူညီ ထောက်ပံ့မှု၊ ရှားထူးဝေါ် နည်းပညာအဖွဲ့၏ နည်းပညာနှင့်စီမံချက်များ ကူညီမှုဖြင့် မိတ္တီလာ(ပကဖ)၊ မိတ္တီလာ(ပကဖ) Drone အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း (၈)နှင့်အခြားသောအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေးအတွင်း ဗိုလ်မှူး (၂) ဦးအပါအဝင် ရန်သူ့တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 နှစ်စီး ထိခိုက်ပျက်စီး၊ လေယာဥ်အပိုပစ္စည်းထား အလုပ်ရုံတစ်ခု မီးလောင်ပျက်စီး၊ စစ်ဖက်ဆိုင်ရာသုံး စက်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

