“မမများနဲ့ပွဲကမယ်” မှ ရရှိသော ဘဏ္ဍာငွေသုံးစွဲမှုများနှင့် စပ်လျဥ်း၍ ပြည်သူလူထုထံသို့ အသိပေးတင်ပြခြင်း

သတင်းထုတ်ပြန်ချက်
“မမများနဲ့ပွဲကမယ်” မှ ရရှိသော ဘဏ္ဍာငွေသုံးစွဲမှုများနှင့် စပ်လျဥ်း၍ ပြည်သူလူထုထံသို့ အသိပေးတင်ပြခြင်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့
၁။ “မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်တွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ၊ Fundraiser များ ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များအပါအဝင် “မမများနဲ့ပွဲကမယ်” အဖွဲ့သားအားလုံးကို ကျေးဇူးအထူး တင် ရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ် ပါသည်။
၂။ “မမများနဲ့ပွဲကမယ်” ကရင်နီ၊ စစ်ကိုင်း၊ ချင်း မကွေး၊ အလယ်ပိုင်းဒေသ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ် (၄) ကြိမ်မှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိခဲ့ပါသည်။
၃။ ယင်းလက်ခံရရှိခဲ့သော ဘဏ္ဍာငွေများအနက်မှ အမေရိကန်ဒေါ်လာ ၁.၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၀.၂၅ သန်းကို KNDF အတွက် လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၀.၁၄ သန်းကို CJDC အတွက် လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၀.၀၄ သန်းကို အခြားသောတော်လှန်ရေးအင်အားစုများအတွက် လည်းကောင်း လျာထား သုံးစွဲလျက်ရှိပါသည်။
၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ တော်လှန်ရေးအတွက် ထည့်သွင်းလှူဒါန်းထားသည့် ဘဏ္ဍာငွေကြေးများကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် အဖိတ်အစင်မရှိ စနစ်တကျ စီစစ်သုံးစွဲလျက်ရှိပြီး အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေပါသည်။
၅။ “မမများနဲ့ပွဲကမယ်” အစီအစဥ်မှ ရရှိခဲ့သော ရန်ပုံငွေဖြင့် ဝယ်ယူတပ်ဆင်ထားသည့် လက်နက်ကြီးများ ၏ မြေပြင်တိုက်ပွဲဝင်မှုများကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။
၆။ ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ရေးအတွက်လည်း ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် “မမများနဲ့ပွဲကမယ်” အစီအစဉ်အပါအဝင် အခြားသော တော်လှန်ရေးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်များ ကိုလည်း အင်တိုက်အားတိုက် ဆက်လက် ပါဝင်ပေးကြပါရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။