ဘဏ္ဏာရန်ပုံ​ငွေများမှ စုစု​ပေါင်း အ​မေရိကန်​ဒေါ်လာ (၄၄) သန်း​ကျော် လက်ခံရရှိခဲ့ပြီး၊ ပုံပါအတိုင်း သက်ဆိုင်ရာကဏ္ဏများအလိုက် ခွဲ​ဝေ​ထောက်ပံ့ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနအ​နေနဲ့ ၂၀၂၂ ခုနှစ်၊ ​မေလ အထိ ​နေရာ​ဒေသအသီးသီးမှ မိဘပြည်သူများရဲ့ ​စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့အတွက် ကာကွယ်​ရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ထောက်ပံ့​ပေးပို့​ငွေ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှာဖွေလျက်ရှိတဲ့ ဘဏ္ဏာရန်ပုံ​ငွေများမှ စုစု​ပေါင်း အ​မေရိကန်​ဒေါ်လာ (၄၄) သန်း​ကျော် လက်ခံရရှိခဲ့ပြီး၊ ပုံပါအတိုင်း သက်ဆိုင်ရာကဏ္ဏများအလိုက် ခွဲ​ဝေ​ထောက်ပံ့ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။
ဒီ ​ငွေ​ကြေးပမာဏဟာ ကာကွယ်ဝန်ကြီးဌာမှ တိုက်ရိုက်ခွဲဝေ အသုံးချနေရတဲ့ ဘဏ္ဏာရန်ပုံ​​ငွေပမာဏလိုအပ်ချက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ရန်ပုံငွေမြောက်များစွာ ထပ်မံ လိုအပ်​လျက် ရှိ​နေ​သေးတဲ့အပြင် အခုအချိန်ဟာ ​တော်လှန်​ရေးအတွက် ​ရေချိန်မြင့်တဲ့ကာလကို ​ရောက်​နေပြီဖြစ်တဲ့အတွက် အဓိကကျတဲ့ ဘဏ္ဏာရန်ပုံ​ငွေများ အချိန်မီဖြည့်တင်းနိုင်ဖို့ရာ မိဘပြည်သူ​တွေအ​နေနဲ့ ​တော်လှန်​ရေး​အောင်စိတ်ထက်သန်စွာနဲ့ NUG အစိုးရရဲ့ ဘဏ္ဏာရန်ပုံ​ငွေရှာ​ဖွေ​ရေး လုပ်ငန်းစဥ်​တွေမှာ ဆက်လက်ပြီး စွမ်းသမျှ ကူကြ၊ လှူကြ၊ ​ထောက်ပံ့​ပါဝင်ပေးကြဖို့ ​လေးစားစွာနဲ့ ​မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
ကာကွယ်​ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်​ရေးအစိုးရ