ဖြူးမြို့နယ်အတွင်းရှိ ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ် (၄၅) လုံးအတွက် PDF၊ ပကဖများ သွားရောက်လှူဒါန်း
၂၀၂၅ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ပြည်သူ့နေအိမ် (၄၅) လုံးအတွက် အိမ်တလုံးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အာဠာဝကစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပဲခူးတိုင်း)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဖြူးမြို့နယ်) ရဲဘော်များက သွားရောက်လှူဒါန်းခဲ့ပြီး ခွန်အားဖြည့် စကားများ ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းမှုကို ဒုတိယအကြိမ် ထီရောင်းရသော ရန်ပုံငွေမှ ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ