ပြည်သူ့ကာကွယ်ရေးရဲဘော်များအတွက် (လက်နက်ခဲယမ်း) ပစ္စည်းကိရိယာတပ်ဆင်ဖို့ လိုအပ်တဲ့ကုန်ကျငွေပမာဏ
ပြည်သူ့ကာကွယ်ရေးရဲဘော်များအတွက် (လက်နက်ခဲယမ်း) ပစ္စည်းကိရိယာတပ်ဆင်ဖို့ လိုအပ်တဲ့ကုန်ကျငွေပမာဏ
++++++++++++++++++++++++++++++++++++++++++++++++++++++
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြေပြင်ပြည်သူ့ရဲဘော်များတွေအတွက် အရင်းအမြစ် ပစ္စည်းကိရိယာများ အပြည့်အစုံတပ်ဆင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
စစ်ရေးအရ ထိထိရောက်ရောက်တိုက်ပွဲဝင်နိုင်ဖို့ မဟာမိတ်အဖွဲ့အစည်းများနဲ့ စစ်ရေးခေါင်းဆောင်တွေရဲ့ ချမှတ်ထားတဲ့ စစ်မဟာဗျုဟာစီမံချက်တွေနဲ့အညီ ပစ္စည်းကိရိယာတွေကို နယ်မြေဒေသအလိုက် အဆင့်ဆင့်တပ်ဆင်နိုင်ဖို့ အမြန်ဆုံးဆောင်ရွက်နေပါတယ်။
ရဲရင့်စွာတိုက်ပွဲဝင်ဖို့စောင့်နေကြတဲ့ ရှေ့တန်းကပြည်သူ့ရဲဘော်များနဲ့အတူ ကျွန်တော်တို့ ပြည်သူများကလည်း နောက်တန်းကနေထောက်ပို့တပ်သားတွေအဖြစ်အတူတူရပ်တည်ပြီးတိုက်ပွဲဝင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

