ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းရှင်းလင်းရေးပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းရှင်းလင်းရေးပြုလုပ်ခဲ့
ဇန်နဝါရီလ (၁၈) ရက်နေ့၊ ၂၀၂၃ ခုနှစ်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့က စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော အာဏာသိမ်းအကြမ်းဖက်စစ်တပ်က နင်းမိုင်းများထောင်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ နင်းမိုင်းများဘေးအန္တရာယ်မှ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစေရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင်၊ တပ်ရင်း (၁၄) ရဲဘော်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ထိန်းချုပ်ရန် ဖြတ်လေးဖြတ်စနစ်ကို ဆက်လက်ကျင့်သုံးနေပြီး ၄င်းတို့ စစ်ကြောင်းထိုးဝင်ရောက်ရာဒေသများတွင် ဘာသာရေးအဆောက်အဦးများအပါအဝင်ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ တိရိစ္ဆာန်များကို ခိုးယူစားသောက်ခြင်းတို့ကို ပြုလုပ်နေသည့် သူခိုးဓားမြသာသာအဖွဲ့အစည်း ဖြစ်သည်။
ဇန်နဝါရီလ (၁၆/၁၇) ရက်နေ့များကလည်း ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာရှိ နှစ်ပေါင်း (၁၂၉) နှစ်သက်တမ်းကြာ မယ်တော်သခင်မဘုရားကျောင်းအပါအဝင် ပြည်သူပိုင်နေအိမ်များကို လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ