ထုတ်ပြန်ကြေညာချက်အမှတ် ( ၁/၂၀၂၃) ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် (၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်) ဆေးဝန်ထမ်းတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်း

ထုတ်ပြန်ကြေညာချက်အမှတ် ( ၁/၂၀၂၃)
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်
(၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်)
ဆေးဝန်ထမ်းတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ပြည်သူ့ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသောကြောင့် ကျန်းမာရေးဝန်ထမ်း အင်အား တိုးမြှင့်ရန် လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့သင်ယူတတ်မြောက်ထားသော ပညာရပ်များအလိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဆေးဘက်ဆိုင်ရာ စစ်မှုထမ်း ဆောင်ရန်အတွက် လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားနိုင်သည့် ပုဂ္ဂိုလ်များ-
(က) အထူးကုဆရာဝန်များ/ အထူးကုဘွဲ့လွန်သင်တန်းသားများ (သွားနှင့်ခံတွင်း အထူးကု ဆရာဝန်များအပါအဝင်)
( ခ) ဆရာဝန်များ (သွားနှင့်ခံတွင်း ဆရာဝန်များအပါအဝင်)
( ဂ) သူနာပြုများ
(ဃ) ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာ၊ ဘွဲ့ရရှိသူများ
( င) တိုင်းရင်းဆေးပညာရှင်များ
( စ) အခြေခံကျန်းမာရေးဝန်ထမ်းများ
၃။ လျှောက်ထားသူသည် –
(က) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
( ခ) နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ပါက CDM ပြုလုပ်ထားသူ (သို့မဟုတ်) အမျိုးသားညီညွတ်ရေး အစိုးရ၏ လျှို့ဝှက်တာဝန်ပေးချက်အရ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်နေ သူများ ဖြစ်ရမည်။
( ဂ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ ဖြစ်ရမည်။
(ဃ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဆေးရုံ/ ဆေးခန်း/ တပ်ရင်း/ တပ်ဖွဲ့/ စစ်ကြောင်းများတွင်သော်လည်းကောင်း၊ တာဝန်ချထားမည့် နေရာ ဒေသများသို့သော်လည်းကောင်း၊ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၄။ လျှောက်ထားသူ၏ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုနှင့် တော်လှန်ရေး ၏ လိုအပ်မှုတို့အပေါ်တွင်မူတည်၍ သင့်လျော်သောတာဝန်များ ခန့်အပ်သွားမည်။
၅။ တာဝန်ချထားမည့် နေရာဒေသများတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်း များ၏ လုံခြုံရေးနှင့် စားဝတ်နေရေးတို့အတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာမြေပြင် တပ်ရင်း/ တပ်ဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။
၆။ လျှောက်ထားလိုသူများအနေဖြင့် စာပိုဒ် ၂ တွင် ပါရှိသည့် ရာထူးနေရာများအလိုက် ထုတ်ပြန်ကြေညာသည့်နေ့ရက်မှစ၍ (၃၀.၆.၂၀၂၃)ရက်နေ့ အထိ နေ့စဉ်ပိတ်ရက်မရှိ နံနက် (၁၀:၀၀) နာရီမှ ည (၈:၀၀) နာရီ အထိ Telegram Username – @MedicalServicePDF နှင့် Email- medicalservice@mod.nugmyanmar.org သို့ ဆက်သွယ်ပြီး လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
(မှတ်ချက်။ လက်ရှိတာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ အပါအဝင် တော်လှန်ရေးကာလ ပြည်သူ့ရဲဘော် နှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ရဲရင့်မြင့်မြတ်စွာ ပါဝင်ဆောင်ရွက်သူအားလုံးကို သမိုင်းမှတ်တမ်း တစ်ခုအဖြစ် လေးစားစွာ မှတ်တမ်းတင် ထားရှိမည်ဖြစ်ပါသည်။)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ