၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်‌‌ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့များတွင် တိုက်ခိုက်ချေမှုန်းခဲ့သည်။ အဆိုပါ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း(၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ပဲ သွား‌ရောက်ခြင်းများမပြုကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ