စစ်ရေးသတင်းထုတ်ပြန်ချက်
စစ်ရေးသတင်းထုတ်ပြန်ချက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များ (LDF)၊ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တနိုင်ငံလုံးတွင် ဟန်ချက်ညီ စစ်ဆင်ရေးများ (Coordinated Attacks) များ ဖော်ဆောင်လျက်ရှိသည်။ ၂၀၂၃ ခုနစ်၊ အောက်တိုဘာ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့တွင်း မိမိတို့ ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေး အချို့ကို ပြည်သူများ သိရှိစေရန် အသိပေး ထုတ်ပြန်အပ်ပါသည်။ ကျန်ရှိနေသေးသည့် စစ်ဆင်ရေးများကိုလည်း ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။