National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

စစ်ဘက်အကျဥ်းထောင်များနှင့်အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး တည်မြဲအမိန့်ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့
 
                                   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင် များနှင့်အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုအား သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ရက်စွဲဖြင့် အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့သည်။ 
                                  အဆိုပါ အမိန့်တွင် (၁) စစ်ဘက်အကျဥ်းထောင်များနှင့်အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူ များနှင့်ပတ်သတ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့်အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး အတွက် စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှု့ဆောင်ရွက်ရန် ၊ (၂) စစ်ဆေးကြည့်ရှု့ရာတွင် အကျဥ်းသား/ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှု စသည့် အကျဥ်းသား/ အချုပ်သား အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ အမှုများ စုံစမ်းစစ်ဆေးရာတွင် ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်း ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ရန် စသည့် ညွှန်ကြားချက်များပါဝင်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ