စစ်ဘက်အကျဥ်းထောင်များနှင့်အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး တည်မြဲအမိန့်ထုတ်ပြန်
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင် များနှင့်အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုအား သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ရက်စွဲဖြင့် အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်တွင် (၁) စစ်ဘက်အကျဥ်းထောင်များနှင့်အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူ များနှင့်ပတ်သတ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့်အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး အတွက် စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှု့ဆောင်ရွက်ရန် ၊ (၂) စစ်ဆေးကြည့်ရှု့ရာတွင် အကျဥ်းသား/ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှု စသည့် အကျဥ်းသား/ အချုပ်သား အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ အမှုများ စုံစမ်းစစ်ဆေးရာတွင် ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်း ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ရန် စသည့် ညွှန်ကြားချက်များပါဝင်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ