အမှတ်(၂)စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး အစီအမံဖြင့်ဆောင်ရွက်သော ကျိ၁်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး

ရက် စွဲ။ ။ ၂ ၀ ၂ ၃ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်
“အသိပေးကြေငြာချက်”
အမှတ်(၂)စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး အစီအမံဖြင့်ဆောင်ရွက်သော
ကျိ၁်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး
တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှုဖြင့် အမှတ်(၂)စစ်ဒေသခွဲတွင် စစ်ဆင်ရေးများကို စနစ်တကျ ဖော်ဆောင်တိုက်ပွဲဝင်လျှက်ရှိပါသည်။ ၂/၁၂/၂၀၂၃ရက်နေ့ ၂၃:၄၀ နာရီတွင် ကျိ၁်ကညီz (ဖားစည်ဟိန်းသံ)နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေးကို စတင်ခဲ့ပါသည်။
ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ဒေသရှိ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နှင့်မုန်းမြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ကော့ပြင်းတပ်စခန်း တို့ကို KNLA ၊ PDF ၊ BPLA ပူးပေါင်းမဟာမိတ်တပ်များက တပြိုင်နက်တိုက်ခိုက်ခဲ့ ပါသည်။
ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်းနှင့် ကော့ပြင်းတပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ခမရ(၅၉၉) တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်း တို့ကိုလည်း တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း မိမိတို့စစ်ရေး ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် (၁၀၀)ကျော်သေဆုံးခဲ့ပြီး၊ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည်။ ဒုရင်းမှုး အဆင့်ရှိ ဗိုလ်မှုး(၁)ဦး၊ ဗိုလ်ကြီး(၂)ဦးအပါအဝင် အရာခံအကြပ်စစ်သည် (၂၁)ဦး လက်နက်ချ အညံ့ခံခဲ့ပြီး တပ်မိသားစုဝင် (၅၈)ဦးကိုလည်း ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းခဲ့ပါသည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ထိခိုက် ကျဆုံးမှု တချို့ ရှိခဲ့ပါသည်။
တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲ အ‌နေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ နှင့် စစ်ကောင်စီယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများ အားလုံး ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းကြရန် တိုက်တွန်းသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ ဘေးအန္တရာယ် ကင်းဝေးစေရန်အ
တွက်လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ပေးကြပါရန် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။
အမှတ် (၂) စစ်ဒေသကွပ်ကဲရေးရုံး
တောင်ပိုင်းတိုင်းစစ်ဒေသ