သတင်းထုတ်ပြန်ချက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့
၁။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ရှိသူများဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
၂။ အဆိုပါတွေ့ဆုံမှုတွင် လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍနှင့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဥ်းစားချက်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၃။ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ