လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း
(၁) စိတ်တည်ငြိမ်စွာထားပါ။
(၂) ဓာတုလက်နက် ကျရောက် ထိမှန် ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း မပြုလုပ်ရပါ။
(၃) ဓာတုဓာတ်ငွေ့၊ အရည် သို့မဟုတ် အမှုန်များနှင့် ဝေးရာဘက်သို့ ပြေးထွက်ပါ။
(၄) လေတင်ဘက်နေရာ၊ အမြင့်ပိုင်းနေရာရှိ လုံခြုံသော အဆောက်အအုံ အတွင်းသို့ ရောက်အောင် သွားသင့်ပါသည်။
(၅) မိသားစုနှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ တစ်ပါတည်းခေါ်ဆောင်သွားပါ။
(၆) အဆောက်အအုံအတွင်း ရောက်လျှင် လေဝင်လေထွက်ပေါက်များ၊ တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ် ထားပါ။ ပန်ကာများ၊ လေအေး ပေးစက် များနှင့် လေပူပေးစနစ်များ ပိတ်ထားပါ။
(၇) ရေဒီယို၊ ဖုန်း၊ အင်တာနက်မှ သတိပေးချက်များကို နားထောင်ပါ။
(၈) ဘေးအန္တရာယ် ကင်းရှင်းမှသာ အပြင်ထွက်ပါ။
(၉) ထိတွေ့မှုရှိခဲ့ပါက ဝတ်ဆင်ထားသော အဝတ်အစားများကို ဖယ်ရှား၍ ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်သွင်းပါ။
(၁၀) ရေနှင့် ဆပ်ပြာများများသုံး၍ ဓာတုပစ္စည်းများ ဆေးကြောသန့်စင်ခြင်း ဆောင်ရွက်ပါ။ “ဆေး – သုတ် – ဆေး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဆေးကြောသန့်စင်ပါ။
(၁၁) အဆိပ်သင့်လက္ခဏာများ ရှိမရှိကို စောင့်ကြည့်ပါ။
(၁၂) အဝတ်အစားသစ် လဲလှယ်ဝတ်ဆင်ပါ။
(၁၃) အဆိပ်သင့်လက္ခဏာများ မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက ကျန်မာရေးစောင့်ရှောက်မှု ပေးနိုင်သည့် နေရာတွင် သွားရောက်ပြသသင့်ပါသည်။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ