National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမိန့်ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)
၇ စက်တင်ဘာလ ၂၀၂၁
“ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း”
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ လုယုသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက် ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သည်။
၂။ အရေးပေါ်အခြေအနေတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဖြစ်လျက်ရှိသော အရပ်ဘက် ရုံးဌာနအားလုံးကို ယနေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း ညွှန်ကြားလိုက်သည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။