ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း ဖမ်းဆီးရမိသောစစ်သုံ့ပန်းများ အခြေအနေထုတ်ပြန်ခြင်း

English version below
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း ဖမ်းဆီးရမိသောစစ်သုံ့ပန်းများ အခြေအနေထုတ်ပြန်ခြင်း
၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၉) ရက်
၁။ ယနေ့မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ထောက်ခံအားပေးပါဝင်မှုဖြင့် ၂၀၂၁ခုနှစ်၊စက်တင်ဘာလ(၇)ရက် မှစတင်၍ ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲလျက်ရှိပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၃။ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့က အမှတ်(၁)စစ်ဒေသအတွင်း ဖြစ်ပွားခဲ့သော ခုခံတော်လှန်စစ်ပွဲ အတွင်းဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်မှုများမပြုလုပ်ပဲ လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစွာထိန်းသိမ်းထားရှိကြောင်းနှင့် အဆိုပါစစ်သုံ့ပန်းများနှင့်ပတ်သတ်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ် ပါသည်။
၄။ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) တပ်သားဖြိုးပိုင် – ကိုယ်ပိုင်အမှတ် တ/၅၆၈၁၇၃
(၂) တပ်သားမင်းထက်ကျော် – ကိုယ်ပိုင်အမှတ် တ/၅၇၀၀၀၃
(၃) တပ်သားဖြိုးဝေစိုး – ကိုယ်ပိုင်အမှတ် တတ/၁၂၇၂၈၈
Announcing Status of Capture of Prisoners of War during the People Defensive War
November 19, 2021
1. Since September 7, 2021 the people defensive war against the military regime has been undertaking nationwide with the support and participation of people across the country.
2. The Ministry of Defence of the National Unity Government has already the guidance on the detention of war and military prisoners by the people defence organizations.
3. The Ministry hereby announces that all prisoners of war captured during a defensive war occurred in No (1) Military Region on November 1,2021 are detaining safely and in a humane manner without torturing them and the information related to them shall be communicated with and made available to the International Committee of the Red Cross (ICRC).
4. The followings are the prisoners of war captured-
(1) Soldier Phyo Paing (Personal code – Ta/568173)
(2) Soldier Min Htet Kyaw (Personal Code – Ta/570003)
(3) Soldier Phyo Wai Soe (Personal Code – TaTa/127288)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ