National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်

နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၆) ရက်
ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံ၍ အောက်ပါ နိုင်ငံရေး ရည်မှန်းချက် များနှင့် နိုင်ငံရေးရပ်တည်ချက်များကို ထုတ်ပြန်လိုက်သည်။
၁။ ကျွန်ုပ်တို့ မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်။ အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ပါ။
၂။ အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာ သိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည် သည်။
၃။ ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှု ကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်သွားမည်ဟု ကျွန်ုပ်တို့ ခိုင်မာစွာ ကတိပြုသည်။
၄။ ကျွန်ုပ်တို့အနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ အတွင်း သာမက လူထုလူတန်းစား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက် ဆက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့် စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်စေရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်၊ ထပ်မံကျူးလွန်ခံရမှုများမရှိစေရန် အသွင်ကူးပြောင်း ရေးကာလတရား မျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမည်။
၅။ ကျွန်ုပ်တို့သည် အထက်ပါ ရည်မှန်းချက်ပန်းတိုင်များအား လက်ခံယုံကြည်သဘောတူပြီး မိမိတို့ မျှော်ရည်ပိုင်းဖြတ်ထားသော ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်သည်။
၆။ ကျွန်ုပ်တို့သည် နိုင်ငံတဝှမ်းတွင် ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကြီးကို မဆုတ်မနစ်၊ ကြံ့ ကြံ့ခံ တွန်းလှန်ဆင်နွှဲလျက်ရှိသော တိုင်းရင်းသားပြည်သူလူထုအပေါင်းနှင့် အတူတကွ လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အပြည့်အဝ အာမခံချက်ရှိသော နိုင်ငံရေး လုပ်ငန်းစဉ် များအား အန္တိမရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ သာတူညီမျှမှုကို ကိုယ်စားပြုသည့် စုပေါင်းခေါင်း ဆောင်မှုနှင့် စုပေါင်းတာဝန်ယူမှုဖြင့် နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက် ချီတက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ